ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဝါရှင်တန်ဒီစီမြို့၌ ကြည့်ရှု့ လေ့လာ

ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းဦးဆောင်သည့် မြန်မာ လွှတ်တော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးကျော်မျိုးထွဋ် လိုက်ပါလျက် မေလ (၃) ရက် နံနက်ပိုင်းတွင် ဝါရှင်တန်ဒီစီရှိ Mount Vernon သို့ သွားရောက်လေ့လာကြရာ ဧည့်ကြိုတာဝန်ခံ Mr. John Marshall က ကြိုဆိုခဲ့ပြီး လိုက်လံ ပြသခဲ့သည်။

Mount Vernon သည် အမေရိကန်နိုင်ငံ၏ ပထမဆုံးသောသမ္မတ George Washington ၏ မိသားစု နေအိမ်ဖြစ်ပြီး ဧက ၂၀၀ ခန့်ကျယ်ဝန်းသည်။ ၎င်းနေအိမ်အား ၁၈၆၀ ခုနှစ်တွင် Mount Vernon Women Association က ဝယ်ယူခဲ့ပြီး ပြတိုက်အဖြစ် ဖွင့်လှစ်ထားခြင်းဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်နာယက ဦးဆောင်သည့် မြန်မာလွှတ်တော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် Mount Vernon အတွင်း လှည့်လည် ကြည်ရှု့လေ့လာခဲ့ပြီး George Washington နှင့် ဇနီး ဆွေးမျိုးများ ဂူဗိမာန်၌ အမှတ်တရ ပန်းခွေချခဲ့သည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက ဦးဆောင်သည့် မြန်မာလွှတ်တော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် Potomac မြစ်ကြောင်း တစ်လျှောက် အပျော်စီးသင်္ဘောဖြင့် ကြည့်ရှု လေ့လာကြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက ဦးဆောင်သည့် မြန်မာလွှတ်တော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ပင်တဂွန် အမှတ်တရ (Pentagon Memorial)၊ အမေရိကန်လေတပ် အမှတ်တရ (Air Force Memorial) နှင့် အမေရိကန် မရိန်းတပ်ဖွဲ့ စစ်ပွဲအမှတ်တရဖြစ်သည့် ဟီရို ရှီးမား အမှတ်တရ(Iwo Jima Memorial) နေရာများသို့ သွားရောက် ကြည့်ရှုလေ့လာခဲ့ကြသည်။

၂၀၁၅ ခုနှစ် မေလ ၅ ရက်

Standard (Image)