ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သည့် မြန်မာလွှတ်တော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ကူမင်းမြို့မှ ပြန်လည်ထွက်ခွာ

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ဦးဆောင်သည့် မြန်မာလွှတ်တော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၌ ချစ်ကြည်ရေးခရီး လည်ပတ်ခဲ့ပြီးနောက် ဧပြီလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် ကူမင်းမြို့ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့သည်။

ပြည်ထောင်စုလွှတ်တော် နာယကနှင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ယူနန်ပြည်နယ် ပြည်သူ့ကွန်ဂရက် ဒုတိယဥက္ကဋ္ဌ မဒမ် သောင်းလင်းယင်၊ တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာရေးရာဌာန ဒုတိယဝန်ကြီး မစ္စတာ ချန်းရှန်ချန်း၊ ယူနန်ပြည်နယ် နိုင်ငံခြားရေးဌာန ညွှန်ကြားရေးမှူးချုပ် မဒမ် ကျိုးဟုန်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံး (ကူမင်း) ကောင်စစ်ဝန်ချုပ် ဦးအောင်မြင့်ထွန်းနှင့် သံရုံးဝန်ထမ်းများက လေဆိပ်တွင် ပို့ဆောင် နှုတ်ဆက်ခဲ့ကြသည်။

၂၀၁၅ ခုနှစ် ဧပြီလ ၃၀ ရက်

Standard (Image)