ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် ကွန်မြူနစ်ပါတီ အတွင်းရေးမှူး မစ္စတာ လီကျိဟန် နှင့် ဧပြီလ ၂၈ ရက်နေ့ ည ၆ နာရီ ၃၀ မိနစ်တွင် ကူမင်းမြို့ရှိ ခေတ္တတည်းခိုသည့် KAIWAH PLAZA ဟိုတယ်၌ တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုလွှတ်တော် နာယကနှင့်အတူ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသော ဦးစိုးသာ၊ သူရဦးအေးမြင့်၊ ဦးသိန်းဇော်နှင့် ဦးတီခွန်မြတ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးသစ်လင်းအုန်း၊ မြန်မာကောင်စစ် ဝန်ချုပ်ရုံး(ကူမင်း) ကောင်စစ်ဝန်ချုပ် ဦးအောင်မြင့်ထွန်းနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးဆောင်သည့် မြန်မာ လွှတ်တော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့အား ယူနန်ပြည်နယ် ကွန်မြူနစ်ပါတီ အတွင်းရေးမှူး မစ္စတာ လီကျိဟန် မှ ညစာ စားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
၂၀၁၅ ခုနှစ် ဧပြီလ ၃၀ ရက်
