ပြည်သူ့လွှတ်တော်၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်းသည် Green Peasant Institute (GPI) အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-10) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ၊ မြေသိမ်းဥပဒေ တို့နှင့်ပတ်သက်သော ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအဖွဲ့ဝင်များ၊ တောင်သူလယ်သမား နှင့်အလုပ်သမားရေးရာကော်မတီအဖွဲ့ဝင်များဖြစ်ကြသော ဦးဇော်မင်းလွင်နှင့် ဦးစိုင်းဘသိန်းတို့ တက်ရောက်ခဲ့ကြသည်။
၂၀၁၈ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁၄ ရက်
Standard (Image)
