ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကွမ်ကျိုးပြည်နယ် ကွန်မြူနစ်ပါတီ အတွင်းရေးမှူးမစ္စတာဟူချန်ဟွားနှင့် တွေ့ ဆုံဆွေးနွေး

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ကွမ်ကျိုးပြည်နယ် ကွန်မြူနစ်ပါတီ အတွင်းရေးမှူး မစ္စတာ ဟူချန်ဟွား နှင့် ၂၀၁၅ ခုနှစ် ဧပြီလ ၂၅ ရက်နေ့ ည ၆ နာရီ ၁၅ မိနစ်တွင် ကွမ်ကျိုးပြည်နယ်အစိုးရအိမ်တော်၊ဧည့်ခန်းမ၌ တွေ့ ဆုံဆွေးနွေးသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော် နာယကနှင့်အတူ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌများ ဖြစ်ကြသော ဦးစိုးသာ၊ သူရဦးအေးမြင့်၊ ဦးသိန်းဇော်၊ ဦးတီခွန်မြတ်၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်လွင်၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးမြင့်ထွန်း နှင့် ပြည်သူ့ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် တရုတ်- မြန်မာ နှစ်နိုင်ငံ နိုင်ငံရေး၊ စီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးဆောင်သည့် မြန်မာ လွှတ်တော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ကွမ်ကျိုးပြည်နယ် ကွန်မြူနစ်ပါတီ အတွင်းရေးမှူး မစ္စတာ ဟူချန်ဟွား က ဂုဏ်ပြုညစာ စားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

၂၀၁၅ ခုနှစ် ဧပြီလ ၂၇ ရက်

Standard (Image)