ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း အမေရိကန်ပြည်ထောင်စု အနိုင်ရအထက်လွှတ်တော် အမတ်များ၏ ခေါင်းဆောင် Senator Mr. Mitch Mc Connell နှင့်တွေ့ဆုံ

ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် အမေရိကန် ပြည်ထောင်စု၊ အနိုင်ရအထက်လွှတ်တော် အမတ်များ၏ ခေါင်းဆောင် Senator Mr. Mitch Mc Connell နှင့် ၂၀၁၅ ခုနှစ် ဧပြီလ ၃၀ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်တွင် ဝါရှင်တန်ဒီစီမြို့ရှိ လွှတ်တော်အဆောက်အအုံတွင် တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုလွှတ်တော် နာယက နှင့်အတူ ပြည်သူ့လွှတ်တော် ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဖြစ်ကြသော ဦလှမြင့်ဦး၊ ဒေါက်တာ ဝင်းမြင့်၊ ဦးဝင်းသန်း၊ ဦးသိန်းထွန်း၊ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မျိုးထွဋ် နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၅ ခုနှစ် မေလ ၄ ရက်

Standard (Image)