ပြည်သူ့လွှတ်တော် အမျိုးသားစီမံကိန်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးနှင့် အခွန်အကောက်ဆိုင်ရာ စိစစ်ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးသာသည် The World Bank မှ Mr.In go Wiederhofer ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၅ ခုနှစ် ဧပြီလ ၃ ရက်နေ့ နံနက် (၁၁း၀၀)နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ်(၁) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် အမျိုးသားစီမံကိန်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးနှင့် အခွန်အကောက်ဆိုင်ရာ စိစစ်ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဦးအေးမောက်နှင့် အဖွဲ့ဝင်များဖြစ်ကြသော ဦးကြည်ပြုံး၊ ဦးကျန်ထွန်း၊ ဦးအေးမောင်၊ ဦးဉာဏ်ဆွေဝင်း၊ ဒေါ်ခင်မွှေးလွင်တို့ တက်ရောက်ခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် ကော်မတီ၏ လုပ်ငန်းတာဝန်ဆောင်ရွက်ပုံများ၊ လွှတ်တော်၏ ဆောင်ရွက်ပုံများ၊ ချေးငွေကိစ္စများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
၂၀၁၅ ခုနှစ် ဧပြီလ ၃ ရက်
