ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင် ဦးခင်မောင်ဦးမှ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံး နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ပထမအတွင်းဝန် Mr. Andreas Magnusson အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်၊ စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင်  ဦးခင်မောင်ဦးသည် ၂၀၁၅ ခုနှစ် ဧပြီလ ၂ရက်နေ့ နံနက် (၀၉း၃၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ (I-8) ၌ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံး နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ပထမအတွင်းဝန် Mr. Andreas Magnusson အား လက်ခံတွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီအဖွဲ့ဝင် ဦးခင်မောင်ဦး နှင့်အတူ တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ရေးရာကော်မတီအဖွဲ့ဝင် ဦးအောင်ကျော်ဦး၊ နိုင်ငံတကာဆက်ဆံရေး ကော်မတီအဖွဲ့ဝင် ဦးခင်မောင်ရွှေနှင့် ရင်းနှီးမြှုပ်နှံမှုနှင့်စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင် ဦးစိုးဝင်း တို့ တက်ရောက်ခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံသို့ EU မှ ၂၀၂၀ ခုနှစ်တွင် Euro သန်းပေါင်း ၆၈၈ သန်း ကူညီထောက်ပံ့ပေးသွားမည့် ကိစ္စရပ်များနှင့် SME, SMI ချေးငွေကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။

၂၀၁၅ ခုနှစ် ဧပြီလ ၃ ရက်

Standard (Image)