ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဆွေ Heineken ကုမ္ပဏီအဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဆွေသည် Heineken ကုမ္ပဏီအဖွဲ့နှင့် Vriens & Partners (မြန်မာပြည်ရုံးခွဲ) မှ Ms.Zita Schelleken ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်နေ့ မွန်းလွဲ (၁၂း၃၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အမှတ် (၁) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဆွေ နှင့်အတူ အတွင်းရေးမှူး ဦးအေးဖေ၊ တွဲဖက်အတွင်းရေးမှူး ဦးမျိုးဆွေနှင့် ကော်မတီအဖွဲ့ဝင် ဦးရဲထွန်းတို့ တက်ရောက်ခဲ့ကြပြီး Heineken ကုမ္ပဏီအနေဖြင့် ရန်ကုန်-မန္တလေး လမ်းတစ်လျှောက်ရှိ ကျေးရွာများအတွင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့် ယာဉ်မတော်တဆ ထိခိုက်မှုများ လျော့နည်း ပပျောက်ရေးအတွက် ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ လာရောက်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။

၂၀၁၅ ခုနှစ် ဧပြီလ ၂ ရက်

Standard (Image)