ပြည်သူ့လွှတ်တော် ကျန်းမာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာကျော်မြင့် UNAIDS မှ Mr. Eamonn Murphy ခေါင်းဆောင်သောအဖွဲ့ နှင့် အမေရိကန်ကွန်ဂရက် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ကျန်းမာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာကျော်မြင့်သည်    UNAIDS အဖွဲ့မှ Mr. Eamonn Murphy ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် အမေရိကန်ကွန်ဂရက် ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၅ ခုနှစ် မတ်လ ၃၁ ရက် မွန်းလွဲ (၁း၃၀) နာရီ အချိန်တွင် နေပြည်တော် လွှတ်တော်ဝင်းအတွင်းရှိ ရေးရာဆောင် အမှတ် (I-1) ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ကျန်းမာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌမှ  လက်ရှိပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုတွင် ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ဖြည့်ဆည်းဆောင်ရွက်နေမှု၊ HIV/AIDS ရောဂါ တိုက်ဖျက်ရေးတွင် တိုးတက်မှု အခြေအနေများနှင့် ကာကွယ် ကုသရေး၊ စောင့်ရှောက်ရေးများကို ပိုမိုအရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်သွားနိုင်ရေးအတွက် ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ကျန်းမာရေးမြှင့်တင်မှုကော်မတီ အနေဖြင့်လည်း ပူးပေါင်းပါဝင် ကူညီနိုင်ရေးအတွက် အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ကျန်းမာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာကျော်မြင့် နှင့်အတူ အဖွဲ့ဝင် များဖြစ်ကြသော ဒေါက်တာအောင်သန်း၊ ဒေါက်တာစိုးသူရ၊ ဦးမြသိန်း၊ ဦးခမိုင်မုန်ကွမ်နှင့် ဒေါက်တာဒေါ်သန်းငွေတို့ တက်ရောက်ခဲ့ကြသည်။

၂၀၁၅ ခုနှစ် ဧပြီလ ၁ ရက်

Standard (Image)