ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးသူရိန်ဇော်သည် 2015 IMF Article IV Consultation Mission အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးသူရိန်ဇော်သည်  2015 IMF Article IV Consultation Mission အဖွဲ့အား၂၀၁၅ ခုနှစ် ဇွန်လ ၂၆ ရက်နေ့ မွန်းလွဲ (၁၃း၃၀) နာရီအချိန် တွင်  နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-3) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးသူရိန်ဇော် နှင့်အတူ အတွင်းရေးမှူး ဦးမောင်တိုး၊ ကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသော ဗိုလ်မှူးချုပ် မြင့်ကိုကို၊ ဦးမိုးဇော်ဟိန်း၊ ဦးအောင်လင်းလှိုင်၊ ဒေါ်တင်နွယ်ဦး၊ ဦးခွန်လိန်း၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဘဏ္ဍာရေးအကြံပေး ဦးကြည်ရှိန်တို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ဘတ်ဂျက်စီမံခန့်ခွဲမှုစနစ်၊ ငွေကြေးစနစ် ခိုင်မာတောင့်တင်းရေးနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်နေသော ဈေးကွက် စီပွားရေးစနစ်နှင့် ငွေကြေးမူဝါဒများအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

၂၀၁၅ ခုနှစ် ဇွန်လ ၂၉ ရက်

Standard (Image)