ပြည်သူ့လွှတ်တော် ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌဦးအောင်သောင်း သည် 2015 IMF Article IV Consultation Mission အတိုင်ပင်ခံအဖွဲ့အားဇွန်လ (၂၅) ရက်နေ့ နံနက် (၀၈း၀၀)နာရီတွင်နေပြည်တော် ရှိလွှတ်တော် အဆောက်အအုံ ရေးရာဆောင် အမှတ်(I-1) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌဦးအောင်သောင်းကလက်ရှိဆောင်ရွက်နေသည့် ဘဏ်များနှင့် ငွေရေးကြေးရေးဆိုင်ရာ အဖွဲ့အစည်းများ ဥပဒေကြမ်း နှင့်ပတ်သက်ပြီးအသေးစိတ်ရှင်းလင်းဆွးနွေးပြောကြား၍ IMFအတိုင်ပင်ခံ အဖွဲ့အနေဖြင့် မြန်မာနိုင်ငံအပေါ် ငွေကြေးမူဝါဒ၊ဘဏ်များနှင့်စီးပွားရေးအခြေခံကုန်သွယ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက်ထင်မြင်ယူဆချက် များကိုယခုလိုလာရောက်အကြံပြုဆွေးနွေးပေးသည့်အတွက်ကျေးဇူးတင်ရှိပါကြောင်း မြန်မာနိုင်ငံ၏လက်ရှိဖြစ်ပေါ်နေသောဈေးကွက်စီးပွားရေး စနစ်နှင့် ငွေကြေးမူဝါဒများ ပိုမိုခိုင်မာ တိုးတက်ကောင်းမွန်စေရေး အတွက် စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုုပ်နှံမှု နှင့်ငွေကြေး စီမံခန့်ခွဲမှု နည်းပညာ အကူအညီများကိုWorld Bank နှင့်IMFတို့မှလိုအပ်သည့်အပိုင်းများတွင်ဝိုင်းဝန်းပူးပေါင်းအားဖြည့်ဆောင်ရွက်သွားနိုင်ရေးအတွက်ရင်းနှီးပွင့်လင်း စွာအမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်သောင်း နှင့်အတူ ပြည် သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးသူရိန်ဇော်၊ ကော်မတီအတွင်းရေးမှူး ဦးဝင်းမြင့်၊ ဦးဖြိုးမင်းသိန်း၊ ဒေါ်ခင်စန်းလှိုင်၊ ဦးသန်းဝင်း၊ ဦးကျော်ခိုင်ဝင်းနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၅ ခုနှစ်၊ ဇွန်လ (၂၆) ရက်
