ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူး ဦးတင်မောင်ဦး NDI အကြိုရွေးကောက်ပွဲ နည်းပညာအကူအညီပေးရေး အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူး ဦးတင်မောင်ဦး သည် NDI အကြိုရွေးကောက်ပွဲ နည်းပညာအကူအညီပေးရေး အဖွဲ့အား ၂၀၁၅ ခုနှစ် ဇွန်လ ၂၄ ရက်နေ့ နံနက် (၈) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-2) ၌ လက်ခံတွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူး ဦးတင်မောင်ဦး နှင့်အတူ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးကျော်သန်း၊ ဦးခင်မောင်ညို၊ ဦးပုမ်ခန့်အင် တို့တက်ရောက်ခဲ့ကြသည်။

ထိုသို့တွေ့ဆုံစဉ် NDI အဖွဲ့မှ သိရှိလိုသည့် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်မှ ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့ပြီး ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

၂၀၁၅ ခုနှစ် ဇွန်လ ၂၅ ရက်

Standard (Image)