ပြည်သူ့လွှတ်တော် အမျိုးသားစီမံကိန်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး နှင့် အခွန်အကောက်ဆိုင်ရာ စိစစ်ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဦးစိုးသာ သည် World Bank မှ Varun Gauri (Senior Researcher & Co-Director)ဦးဆောင်သည့် အဖွဲ့အား၂၀၁၅ ခုနှစ် ဇွန်လ ၁၉ ရက်နေ့ နံနက် (၁၁း၃၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ်(၇) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံး နှင့် အခွန်အကောက် ဆိုင်ရာ စိစစ်ညှိနှိုင်းရေး ကော်မတီ အတွင်းရေးမှူး ဦးအေးမောက်၊ အဖွဲ့ဝင်များ ဖြစ်ကြသော ဦးကြည်တင့်၊ ဦးကျန်ထွန်း၊ ဦးအေးမောင်၊ ဦးသန်းဝင်း၊ ဦးဌေးမောင်တို့ တက်ရောက် ကြသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်သူများစွမ်းဆောင်ရည် မြင့်မားရေးအတွက် ဖွံ့ဖြိုးရေးကိစ္စရပ်များ၊ အခွန်အကောက်ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေနွေးခဲ့ကြသည်။
၂၀၁၅ ခုနှစ် ဇွန်လ ၂၂ ရက်
