ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ကိုယ်စား၊ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦး သည် ထိုင်ဝမ်အမျိုးသား တက္ကသိုလ်၊ လူမှုသိပ္ပံကောလိပ်၊ အရှေ့အာရှဒီမိုကရေစီ လေ့လာရေးစင်တာ ABS (Asia Barometer Survey) မှ အကြံပေး Professor Bridget Welsh ဦးဆောင်သော အဖွဲ့အား ၂၀၁၅ ခုနှစ် ဇွန်လ ၁၇ ရက်နေ့ (၁၆း၀၀) နာရီ အချိန်တွင် နေပြည်တော် ရှိ လွှတ်တော် အဆောက်အအုံ၊ အဆောင်အမှတ် (I-1) ၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် လွှတ်တော်ဆိုင်ရာ ကိစ္စရပ်များနှင့် သုတေသနဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင် ဒေါ်အေးအေးမူနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၅ ခုနှစ် ဇွန်လ ၁၈ ရက်
Standard (Image)
