ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ် PYOE PIN Programme မှ Strategic Advisor ဦးအောင်ကျော်သိန်း ဦးဆောင်သော SEA LAW (South East Asia Legal Aid Network) အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ် သည် PYOE PIN Programme မှ Strategic Advisor ဦးအောင်ကျော်သိန်း ဦးဆောင်သော SEA  LAW (South East Asia Legal Aid Network) အဖွဲ့ဝင်များအား ၂၀၁၅ ခုနှစ် ဇွန်လ ၁၅ ရက်နေ့ နံနက် (၈း၃၀)နာရီ တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ ရေးရာဆောင် အမှတ် (I-2) ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့လက်ခံတွေ့ဆုံရာတွင် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ် က အဆိုပါ ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ်နှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်တွင်းပြည်ပမှ အကြံပြုချက်များဖြင့် စဉ်ဆက်မပြတ် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြကြောင်း၊ ယခုနောက်ဆုံးပြုစုထားသည့် ဥပဒေကြမ်းအပေါ် လိုအပ်သလို သုံးသပ်အကြံပြုစေ လိုကြောင်း ပြောကြားခဲ့သည်။                     

ထို့နောက် တက်ရောက်လာသော PYOE PIN Programme နှင့်  SEA LAW  အဖွဲ့တို့က ရန်ကုန်၊ မန္တလေးနှင့် စစ်တွေမြို့များတွင် ပြုလုပ်ခဲ့ သည့် အလုပ်ရုံဆွေးနွေးပွဲမှ ရရှိသော အကြံပြုချက်များကို ပွင့်လင်းစွာ ဆွေးနွေးအကြံပြုခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့်အတူ ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးဘရှိန်၊ ဦးသိန်းထွန်းဦး၊ ဒေါက်တာစိုးမိုးအောင်၊ ဦးသောင်း၊ ဒေါ်နန်းဝါနု၊ ဦးခင်မောင်ရွှေ၊ ဦးစိုးစိုး၊ ဦးစိုးရယ်၊  ပြည်သူ့လွှတ်တော် ဥပဒေရေး ရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးတင်ဝင်း၊ ဒေါ်သန်းသန်းရီ နှင့် PYOE PIN Programme မှ ဦးအောင်ကျော်သိန်း ဦးဆောင်သည့် ဥပဒေ အထောက်အကူ ပေးနေကြသော ပြည်တွင်း/ပြည်ပ လူမှုအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

၂၀၁၅ ခုနှစ် ဇွန်လ ၁၆ ရက်

Standard (Image)