ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်သောင်း The World Bank မှ Ms. Alexandra Drees-Gross နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သောင်းသည်  The World Bank မှ Ms. Alexandra Drees-Gross  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်  (၁၁း၀၀) နာရီတွင်  နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-7) အစည်းအဝေးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သောင်းနှင့်အတူ အတွင်းရေးမှူး ဦးဝင်းမြင့်၊ ကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်ခင်စန်းလှိုင်၊ ဦးဘထီး၊ ဦးသန့်ဇင်၊ ဦးသန်းဝင်း၊ ဦးကျော်ခိုင်ဝင်း နှင့်   ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင်  မြန်မာနိုင်ငံအတွက် Myanmar Financial Sector Development Project  ဆိုင်ရာကိစ္စရပ်များတွင် အထောက်အကူပေးမည့်အစီအစဉ်များ “ဘဏ်နှင့် ငွေရေး ကြေးရေးဆိုင်ရာ အဖွဲ့အစည်း ဥပဒေမူကြမ်း” နှင့်စပ်လျဉ်းပြီး လွှတ်တော်မှ ဥပဒေပြုရာတွင် လုပ်ငန်းဆောင်ရွက်ပုံအဆင့်ဆင့်နှင့် လုပ်ထုံး လုပ်နည်းများကို ရှင်းလင်းဆွေးနွေးပြောကြား၍ ၎င်းဥပဒေအား ယခင်ဥပဒေအဟောင်းထက် ပိုမိုကောင်းမွန်ပြည့်စုံပြီး အားနည်းချက်မရှိသော ဥပဒေဖြစ်စေရေးအပြင် ခေတ်စနစ်နှင့် ကိုက်ညီသည့် ဥပဒေဖြစ်ပေါ်လာရေးအတွက် ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအနေဖြင့် လွှတ်တော်သို့ အမြန်ဆုံး တင်ပြ အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် ကမ္ဘာ့ဘဏ်အနေဖြင့်လည်း ဆက်လက်ဝိုင်းဝန်း ကူညီ ဆောင်ရွက်သွားနိုင်ရေးကို ကဏ္ဍတစ်ခု ချင်းစီအလိုက် ရှင်းလင်းဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

၂၀၁၅ ခုနှစ် ဇွန်လ ၁၁ ရက်

Standard (Image)