ပြည်သူ့လွှတ်တော် အမျိုးသားစီမံကိန်း၊ ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးနှင့် အခွန်အကောက်ဆိုင်ရာ စိစစ်ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးသာသည် World Bank မှ Senior Financial Economist, Ms. Alexandra Dress-Gross, Senior Financial Specialist ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၅ ခုနှစ် ဇွန်လ ၉ ရက်နေ့ နံနက် (၁၁) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ်(၁) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် အမျိုးသားစီမံကိန်း၊ ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးနှင့် အခွန်အကောက်ဆိုင်ရာ စိစစ်ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဦးအေးမောက် နှင့် အဖွဲ့ဝင်များ ဖြစ်ကြသော ဦးကြည်တင့်၊ ဦးကြည်ပြုံး၊ ဦးသန်းဝင်း၊ ဦးကျန်ထွန်း၊ ဦးဉာဏ်ဆွေဝင်း၊ ဒေါ်ခင်မွှေးလွင်၊ ဒေါ်ဖြူဖြူသင်းနှင့် ပြည်သူ့ငွေစာရင်းကော်မတီ အဖွဲ့ဝင် ဒေါ်တင်နွယ်ဦး တို့ တက်ရောက်ခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့်ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော Myanmar Financial Sector Development Project နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ရှင်းလင်းဆွေးနွေး ခဲ့ကြသည်။
၂၀၁၅ ခုနှစ် ဇွန်လ ၁၀ ရက်
