ပြည်သူ့လွှတ်တော် အမျိုးသားစီမံကိန်း၊ ပြည်ထောင်စု၏ဘဏ္ဍာငွေ အရအသုံးနှင့်အခွန်အကောက်ဆိုင်ရာစိစစ်ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးသာ Asian Development Bank မှ Mr.Winfried Wicklein ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

 ပြည်သူ့လွှတ်တော် အမျိုးသားစီမံကိန်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးနှင့် အခွန်အကောက်ဆိုင်ရာစိစစ်ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌဦးစိုးသာသည်  Asian Development Bank မှ Mr.Winfried Wicklein ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် (၁၀း၃၀)နာရီတွင်  နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ်(၁) ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော် အမျိုးသားစီမံကိန်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးနှင့် အခွန်အကောက်ဆိုင်ရာစိစစ်ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဦးအေးမောက်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးကြည်သာ၊ အမျိုးသားစီမံကိန်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးနှင့် အခွန်အကောက် ဆိုင်ရာစိစစ်ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်များဖြစ်ကြသော ဦးကြည်တင့်၊ ဦးကြည်ပြုံး၊ ဦးဉာဏ်ဆွေဝင်း၊ ဒေါ်ခင်မွှေးလွင်တို့ တက်ရောက်ကြသည်။

 တွေ့ဆုံစဉ် လျှပ်စစ်ဓါတ်အားပို့လွှတ်မှုဆိုင်ရာ အဆင့်တိုးမြှင့်ခြင်း၊ ချေးငွေကိစ္စရပ်များ နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေနွေးကြသည်။

၂၀၁၅ ခုနှစ် ဇွန်လ ၁၁ ရက်

Standard (Image)