ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ (ကိုယ်စား)၊ နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး သည် ဗြိတိန်နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဌာန (DFID)၏ ညွန်ကြားရေးမှူးချုပ် Ms.Joy Hutcheon ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ(ကိုယ်စား)၊ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး သည် ဗြိတိန်နိုင်ငံ တကာ ဖွံ့ဖြိုးတိုးတက်ရေးဌာန (DFID)၏ အာရှနိုင်ငံများ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ဆိုင်ရာ ညွန်ကြားရေးမှူးချုပ် Ms.Joy Hutcheon ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၅ ခုနှစ် ဇွန်လ(၄)ရက်နေ့ ညနေ (၄) နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေး ရာဆောင်၊ အဆောင်အမှတ် (I-1)ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် DFID မှ မြန်မာလွှတ်တော်များ အရည်အသွေးမြှင့်တင်ရေးဆိုင်ရာ အစီအစဉ်တွင် ကူညီဆောင်ရွက်နေမှုများ၊ ဆက်လက်ကူညီဆောင်ရွက်သွားမည့် အစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်သူ့ငွေစာရင်းကော်မတီ အတွင်းရေးမှူး ဦးမောင်တိုး၊ အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာစိုးရင်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် ဒေါ်အေးအေးမူ နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

၂၀၁၅ ခုနှစ် ဇွန်လ ၅ ရက်

Standard (Image)