ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဌေးမြင့် ဦးဆောင်သော ကော်မတီအဖွဲ့ဝင်များသည် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ယနေ့ နံနက် (၁၀) နာရီ အချိန်တွင် လွှတ်တော်ဝင်းအတွင်းရှိ ရေးရာဆောင် (I-8) အစည်းအဝေးခန်းမ၌ စက်မှုလုပ်ငန်းဥပဒေ (မူကြမ်း) ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
ဆွေးနွေးပွဲတွင် အဆိုပါဥပဒေကြမ်းနှင့် စပ်လျဉ်းပြီး ကောင်းမွန်သည့် ဥပဒေပြဋ္ဌာန်းနိုင်ရန်မှာ လွန်စွာအရေးကြီး၍ ကဏ္ဍတစ်ခုချင်းစီနှင့် တစ်ခန်းချင်းစီမှ ပြင်ဆင်သင့်သည်များကို ဆွေးနွေးညှိနှိုင်းရန် ပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေးသို့ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အတွင်းရေးမှူး ဦးကြည်သာနှင့် ကော်မတီအဖွဲ့ဝင်များ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင်များ၊ စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
၂၀၁၅ ခုနှစ် ဇွန်လ ၄ ရက်
