ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း UNHCR အထူး ကိုယ်စားလှယ် Mrs. Angelina Jolie Pitt ဦးဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည်   UNHCR    အထူး ကိုယ်စားလှယ် Mrs. Angelina Jolie Pitt  ဦးဆောင်သော အဖွဲ့အား ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့ နံနက် (၁၁း၀၀) နာရီ တွင် နေပြည်တော် ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိ ဧည့်ခန်းမဆောင် ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့်အတူ ပြည်သူ့လွှတ်တော် ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များ ဖြစ်ကြသော ဦးကိုကိုနိုင် နှင့် ဒေါ်အေးအေးမူ၊ ပြည်သူ့လွှတ်တော်ရုံး မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဧည့်သည်တော် နှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိန် သံအမတ်ကြီး H.E.Mr. Andrew Patrick လည်း တက်ရောက်သည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၌ ဆောင်ရွက်မည့် UNHCR ၏ လုပ်ငန်းများတွင် လွှတ်တော် အပိုင်းက ပါဝင်ကူညီ ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များ နှင့် စပ်လျဉ်း၍ ရင်းနှီးခင်မင်စွာ ဆွေးနွေးခဲ့ကြသည်။

၂၀၁၅ ခုနှစ် ဇူလိုင်လ ၃၀ ရက်

Standard (Image)