ပြည်ထောင်စုလွှတ်တော်ရုံး နှင့် ပြည်သူ့လွှတ်တော်ရုံး တို့၏ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း မင်္ဂလာအခမ်းအနား ကျင်းပ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ပြည်ထောင်စုလွှတ်တော်ရုံး နှင့် ပြည်သူ့လွှတ်တော်ရုံး တို့၏ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း မင်္ဂလာ အခမ်းအနားကို ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ မွန်းလွဲ (၁း၀၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် ဧည့်ခန်းမ၌ ကျင်းပသည်။

အဆိုပါ မင်္ဂလာ အခမ်းအနားသို့ နိုင်ငံတော် သြဝါဒစရိယ နေပြည်တော် ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်း ကျောင်းတိုက်ကြီး၏ ပဓာန နာယက၊ နိုင်ငံတော် သြဝါရစရိယ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကဝိသာရ ဆရာတော်ကြီး အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော် မူကြပြီး ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်‌ထောင်စုလွှတ်တော်ရုံး နှင့် ပြည်သူ့လွှတ်တော်ရုံး ဝန်ထမ်းများ တက်ရောက် ကြည်ညိုကြသည်။

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနား ဖွင်‌့လှစ်ပြီး နိုင်ငံတော် သြဝါဒစရိယ နေပြည်တော် ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်း ကျောင်းတိုက် ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကဝိသာရ ထံမှ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ အမှူးပြုသော ဧည်‌့ပရိတ်သတ်များက ငါးပါးသီလ ခံယူ ဆောက်တည်ကြသည်။

ထို့နောက် ဆရာတော်၊ သံဃာတော်များက အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ပွား သရဇ္ဈာယ်တော် မူကြပြီး ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင်‌့ လွှတ်တော်ရုံး များမှ တာဝန်ရှိသူ များက ဆရာတော်၊ သံဃာတော် များထံ ဝါဆိုသင်္ကန်း နှင်‌့ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် ဈေးကုန်းကျောင်းတိုက် ဆရာတော်ထံမှ ဧည်‌့ပရိတ်သတ် များက အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကာ “ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၇ ရက်

Standard (Image)