ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေး နှင့် ဆောက်လုပ်ရေး ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဆွေ သည် တယ်လီနော မြန်မာမှ Mr.Petter Furberg အမှုဆောင် အရာရှိချုပ် (CEO) ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ နံနက် (၁၁း၀၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦ ရေးရာဆောင်၊ အဆောင် အမှတ်(I-1) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ဆက်သွယ်ရေးကွန်ရက် တည်ဆောက်ရေး လုပ်ငန်းအခြေအနေ နှင့် ပတ်သက်၍ ဆက်သွယ်ရေး ကွန်ရက်သည် မြို့ပြကြီးများနှင့် မြို့နယ် အမြောက်အများသို့ လွှမ်းခြုံမှု ရောက်ရှိနေပြီး ဝေးလံခေါင်သီသော ကျေးလက်ဒေသ များကိုပါ ဆက်သွယ်ရေး ကွန်ရက် လွှမ်းခြုံမှု ရရှိရေးကို နေ့စဉ်နှင့်အမျှ ဆက်လက် တိုးချဲ့ဆောင်ရွက်နေပါကြောင်း နှင့် လွှတ်တော် အနေဖြင့်လည်း လိုအပ်ချက်များ ရှိပါက ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဆွေ နှင့် အဖွဲ့ဝင်များ စုံညီစွာ တက်ရောက်တွေ့ဆုံ ခဲ့ကြသည်။
၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၇ ရက်
