ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း လာအိုနိုင်ငံ ဒုတိယသမ္မတ မစ္စတာ ဘွန်ညံဗိုရာချစ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား တွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် လာအို ပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဒုတိယသမ္မတ မစ္စတာ ဘွန်ညံဗိုရာချစ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ယနေ့ မွန်းလွဲ (၁၂း၁၅) နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ဇမ္ဗူသီရိဧည့်ခန်းမဆောင် ၌ တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့်အတူ ပြည်သူ့လွှတ်တော် ကော်မတီ ဥက္ကဋ္ဌများ ဖြစ်ကြသော သူရဦးအေးမြင့်၊ ဦးမောင်မောင်သိမ်း၊ ဦးသိန်းဆွေ နှင့် ဦးလှမြင့်ဦး၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များ ဖြစ်ကြသော ဦးကိုကိုနိုင် နှင့် ဒေါ်အေးအေးမူ၊ ပြည်သူ့လွှတ်တော်ရုံး မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဒုတိယသမ္မတ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ လာအိုနိုင်ငံ သံအမတ်ကြီး မစ္စတာ လိုင်းရင်ဆိုင်ညဇန် လည်း တက်ရောက်သည်။

တွေ့ဆုံရာတွင် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု နှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြှင့် ဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးခင်မင်စွာ ဆွေးနွေးခဲ့ကြသည်။

၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၂ ရက်

Standard (Image)