ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ သြစတြီးယားနိုင်ငံ Bank Austria မှ Senior Adviser U Htun Aung အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ သည် သြစတြေးယားနိုင်ငံ Bank Austria မှ Senior Adviser ဖြစ်သူ U Htun Aung  အား ယနေ့ မွန်းလွဲ (၁၂း၁၅) နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အမှတ် (I-1) ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ နှင့်အတူ ပြည်သူ့လွှတ်တော် လွှတ်တော် အခွင့်အရေး ကော်မတီ အတွင်းရေးမှူး ဒေါက်တာစိုးရင်၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ အဖွဲ့ဝင် ဦးဝင်းသန်း၊ ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင် ဦးသောင်းမြင့် နှင့် ပြည်သူ့လွှတ်တော်ရုံး မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် Bank Austria အနေဖြင့် မြန်မာနိုင်ငံ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အခြေခံ လိုအပ်ချက်များ ဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး နှင့်  အခြားသော လူမှုရေး လုပ်ငန်းများတွင် ကူညီဆောင်ရွက် သွားမည့် စီမံကိန်းများနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၂ ရက်

Standard (Image)