ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦရွှေမန်း သည် ချက်သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Jaroslav Dolecek အား ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့ နံနက် (၁၁း၅၀) နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့် အတူ ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ဥပဒေရေးရာ နှင့် အထူး ကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင် ဒေါ်အေးအေးမူနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့
Standard (Image)
