ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူး ဒေါက်တာဝင်းမြင့် မစ္စတာ တာကာတိုရှီအီတို ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေး မှူး ဒေါက်တာဝင်းမြင့် သည် ဂျပန်နိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးဌာန အကောက်ခွန်၊ ကုန်သွယ်ခွန် နိုင် ငံခြား ငွေလဲလှယ်ရေး နှင့် အခြားငွေကြေး လွှဲပြောင်းမှု ဆိုင်ရာ ကောင်စီအဖွဲ့ဝင် မစ္စတာ တာကာတိုရှီအီတို ဦးဆောင်သည့် ကိုယ်စား လှယ် အဖွဲ့အား ဇူလိုင်လ ၂၁ ရက်နေ့ နံနက် (၈း၃၀) နာရီတွင် နေပြည်တော် လွှတ်တော်ဝင်း အတွင်းရှိ လွှတ်တော်ရေးရာဆောင် အမှတ် (I-8) အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံသည်။

အဆိုပါ တွေ့ဆုံပွဲသို့ သက်ဆိုင်ရာ ကော်မတီ အတွင်းရေးမှူးများ နှင့် အဖွဲ့ဝင်များ ဖြစ်ကြသည့်  ဦးဝင်းသန်း၊ ဦးအောင်လင်းလှိုင်၊ ဒေါ်တင်နွယ်ဦး၊ ဒေါ်စန္ဒာမင်း၊ ဦးမိုးဇော်ဟိန်း နှင့် ပြည်သူ့လွှတ်တော် ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးခင်မောင်တင်၊ ဦးသောင်းမြင့်၊ ဒေါ်ညိုညိုလှ တို့ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် စီးပွားရေး နှင့် ကုန်သွယ်ရေး လုပ်ငန်းကဏ္ဍတွင် ဂျပန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက် သွားကြမည့် စီမံကိန်းများနှင့် မြန်မာနိုင်ငံ၏ ငွေကြေးမူဝါဒ တိုးတက် ခိုင်မာစေရေး အတွက် လွှတ်တော် အနေဖြင့် ဆောင်ရွက်သွားမည့် ဥပဒေပြုရေး ဆိုင်ရာ ကိစ္စရပ်များနှင့် ဂျပန်နိုင်ငံ အနေဖြင့်လည်း မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ငန်းများတွင် ပိုမိုရင်းနှီး မြှုပ်နှံနိုင်ရေး အတွက် လိုအပ်ချက်များ၊ အားနည်းချက်များ မရှိရအောင် ပူးပေါင်းပါဝင် ကူညီပေးရေး ဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

၂၀၁၅ ခုနှစ် ဇူလိုင်လ ၂၁ ရက်

Standard (Image)