ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦးသည် ဂျာမနီနိုင်ငံ၊ ဂျာမန်လွှတ်တော်မှ အာဆီယံဆိုင်ရာ ချစ်ကြည်ရေးအဖွဲ့ ဥက္ကဋ္ဌ မစ္စတာ သောမတ်ဂမ်ကေ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦး သည် ဂျာမနီနိုင်ငံ၊ ဂျာမန်လွှတ်တော်မှ အာဆီယံဆိုင်ရာ ချစ်ကြည်ရေး အဖွဲ့ ဥက္ကဋ္ဌ မစ္စတာ သောမတ်ဂမ်ကေ နှင့် အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံအမတ်ကြီး H.E.Mr.Christian-Ludwig Weber-Lortsch တို့ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့ နံနက် (၀၉း၀၀) နာရီ အချိန်တွင်  နေပြည်တော်ရှိ လွှတ်တော်ရေး ရာဆောင်၊ အဆောင်အမှတ် (I-1) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ လွှတ်တော်များ ပူးပေါင်းဆောင်ရွက်မှု ကိစ္စများ၊ ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲ အတွက် လွှတ်တော် အတွင်းရှိ ပြင်ဆင်နေမှုများ၊ အာဆီယံ အဖွဲ့အတွင်း ပူးပေါင်းဆောင်ရွက်နေသည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော် ကော်မတီ အတွင်းရေးမှူးများ ဖြစ်ကြသော ဦးမောင်တိုး၊ ဒေါက်တာစိုးရင်၊ ဦးတင်မောင်ဝင်း၊ ဦးဝင်းမြင့်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် ဒေါ်အေးအေးမူ နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၇ ရက်

Standard (Image)