ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း GE ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် GE ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ Mr. John G. Rice ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၈း၃၀ နာရီ တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့်အတူ ပြည်သူ့လွှတ်တော် ကော်မတီ ဥက္ကဋ္ဌများ ဖြစ်ကြသော ဦးသိန်းဆွေ၊ ဦးလှမြင့်ဦး၊ ဦးဌေးမြင့်၊ ကော်မတီ အတွင်းရေးမှူးများ ဖြစ်ကြသော ဒေါက်တာဝင်းမြင့်၊ ဦးဝင်းသန်း၊ နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၅ ရက်

Standard (Image)