ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ကိုယ်စား၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦးသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ လက်ထောက် မဟာမင်းကြီး မစ္စတာ ဗိုလ်ကာတာ့ခ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ကိုယ်စား၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦးသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ လက်ထောက် မဟာမင်းကြီး မစ္စတာဗိုလ်ကာတာ့ခ် ဦးဆောင်သော ကိုယ်စား လှယ် အဖွဲ့အားဇူလိုင်လ (၁၀) ရက်နေ့ နံနက် (၉း၀၀) နာရီ အချိန်တွင်  နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-1) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် မစ္စတာ ဗိုလ်ကာတာ့ခ်က မြန်မာနိုင်ငံအတွင်း ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံးမှ ဆောင်ရွက် လုပ်ကိုင်နေသည့် လုပ်ငန်းများကို ရှင်းလင်းပြောကြား သည်။ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ကလည်း လွှတ်တော်တွင် နိုင်ငံသား များ၏ မူလ အခွင့်အရေး၊ ဒီမိုကရေစီ အရေးနှင့် လူ့အခွင့်အရေး ဆိုင်ရာ ကော်မတီတစ်ရပ် ဖွဲ့စည်းဆောင်ရွက်နေမှု အခြေအနေ၊ နိုင်ငံတော် တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေး ကိစ္စရပ်များ ဆောင်ရွက်နေမှု အခြေအနေ၊ နိုင်ငံတကာ အစည်းအဝေး အချို့တွင် အခြေအမြစ်မရှိ၊ မမှန် ကန်သော သတင်းများကို အခြေခံ၍ မြန်မာနိုင်ငံ အပေါ် စွပ်စွဲဆောင်ရွက်နေမှု များကို ပယ်ချ၊ ကန့််ကွက်ရသည့် အခြေအနေများကို ပြန်လည် ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော် ကော်မတီ အတွင်းရေးမှူးများ ဖြစ်ကြသော ဦးမောင်တိုး၊ ဒေါက်တာစိုးရင်၊ ဦးတင်မောင်ဝင်း၊ ဦးကိုကိုထွန်း၊ ကော်မတီအဖွဲ့ဝင် ဦးရဲထွဋ်တင်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် ဒေါ်အေးအေးမူ နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၃ ရက်

Standard (Image)