ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ကိုယ်စား၊ နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးသည် နော်ဝေနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး မစ္စတာ ဘတ်ဂလတ်ပီတာဆန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ကိုယ်စား၊ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦးသည် နော်ဝေနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး မစ္စတာဘတ်ဂလတ် ပီတာဆန် ဦးဆောင်ပြီး မြန်မာနိုင်ငံဆိုင် ရာနော်ဝေနိုင်ငံ သံအမတ်ကြီး H.E. Ms Ann Ollestad ပါဝင်သော ကိုယ်စားလှယ် အဖွဲ့အား ၂၀၁၅ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့ နံနက် (၉း၀၀) နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-1) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ လွှတ်တော်များ အချင်းချင်း ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ၊ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များ အပါအဝင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆွေးနွေးမှုများ၊၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အတွက် ပြင်ဆင်မှု ငြိမ်းချမ်းရေး ဆွေးနွေးပွဲများနှင့် ရခိုင်ပြည်နယ် ကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်သူ့ငွေစာရင်းကော်မတီ အတွင်းရေးမှူး ဦးမောင်တိုး၊ လွှတ်တော်အခွင့်အရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာ စိုးရင်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသော ဦးစိုင်းကျောက်၊ ဒေါ်စုစုလွင်၊ ဦးကျော်မြင့်၊ ဦးထွန်းအောင်ကျော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင် ဒေါ်အေးအေးမူ နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။

၂၀၁၅ ခုနှစ် ဇူလိုင်လ ၆ ရက်

 

Standard (Image)