ပြည်သူ့လွှတ်တော် လူမှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ဆွေသည် ပထမ အကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန် အစည်းအဝေးသို့ လာရောက်လေ့လာသည့် Phoenix Association မှ ဦးသီဟကြိုင် ဦးဆောင်သည့် လူငယ်အဖွဲ့အား ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၈ရက် နေ့လည် ၁၂း၃၀ နာရီတွင် ပြည်သူ့လွှတ်တော်ဝင်း အတွင်းရှိ လွှတ်တော်ရေးရာဆောင် အမှတ် (I-4) ၌ လက်ခံ တွေ့ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်ဆွေ နှင့်အတူ အတွင်းရေးမှူး ဦးမြင့်သူ၊ ဒေါက်တာတင်မောင်ကြိုင်၊ ဦးဉာဏ်ဝင်း၊ ဦးအောင်ဇင်၊ ဦးကျော်မြင့်၊ ဦးဝင်းကြည်၊ ဦးဇုံးတိန့်၊ ဒေါ်လဲ့လဲ့ဝင်းဆွေ၊ ဒေါ်ခင်သန်းမြင့်၊ ဒေါ်နန်းစေအွာ၊ ဒေါ်ဇာတလဲမ်း၊ ဒေါက်တာဒေါ်မေဝင်းမြင့်၊ တပ်မတော်သားကိုယ်စားလှယ်များ တက်ရောက် ကြပြီး ဧည့်သည်တော်အဖွဲ့ Phoenix Association မှ ဥက္ကဋ္ဌ ဦးသီဟကြိုင်နှင့်အတူ လူငယ် အဖွဲ့ဝင် (၁၄) ဦး တက်ရောက်ခဲ့ကြသည်။
လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမောင်မောင်ဆွေမှ ကော်မတီ အနေဖြင့် လူမှုဖွံ့ဖြိုးရေး အတွက် ဆောင်ရွက်ခဲ့မှုများနှင့် လွှတ်တော်၏ ဥပဒေပြုရေးလုပ်ငန်းဆောင်တာ များကို အသေးစိတ်ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကာ Phoenix Association မှ ဥက္ကဋ္ဌ ဦးသီဟကြိုင်မှ လည်း ယင်းအဖွဲ့အစည်း ပေါ်ပေါက်လာပုံ၊ လူမှုအကျိုးပြု လုပ်ငန်များဆောင်ရွက် နေမှုအခြေ အနေများနှင့် လူမှုအကျိုးပြု မျိုးဆက်သစ်လူငယ်များအား ဆက်လက်မွေးထုတ် ပေးနိုင်ရေး အတွက် အကြံပြုဆွေးနွေးပေးပါရန် ပန်ကြားခဲ့ပြီး တက်ရောက်လာသူများက လိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်
