ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် ပါကစ္စတန်နိုင်ငံ၊အမျိုးသားစီမံ ခန့်ခွဲမှုကောလိပ်၊အမျိုးသား စီမံခန့်ခွဲမှုသင်တန်းမှ အဆင့်မြင့်အရာရှိ သင်တန်းသားများ အား ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၅ ရက် နံနက်၁၀း၃၀နာရီ အချိန်တွင်နေပြည်တော်ရှိ လွှတ်တော်အဆောက်အ အုံရေးရာဆောင် (I-1) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များနှင့် မြန်မာနိုင်ငံလွှတ်တော်များ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဥပဒေရေးရာနှင့်အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် ဒေါ်အေးအေးမူနှင့် လွှတ်တော်ရုံးမှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်
Standard (Image)
