ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ကိုယ်စား၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦး သည် အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်မြို့အခြေစိုက် Wilson International Center for Scholars မှ ပြင်သစ်နိုင်ငံသားအဖွဲ့ဝင် တစ်ဦးဖြစ်သည့် Dr. Renaud Egreteau အား သြဂုတ်လ (၁၉) ရက်နေ့ နံနက် (၈:၃၀) နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင်၊ အဆောင်အမှတ် (I-1) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
Dr. Renaud Egreteau သည် လွှတ်တော်များ၏ ဥပဒေပြုရေးရာ လုပ်ငန်းစဉ်များ အပေါ်တွင် သုတေသနစာတမ်းပြုစု ရေးသားနေသူဖြစ်ပြီး ယခုတွေ့ဆုံဆွေးနွေးရာတွင် လွှတ်တော်များ၏ လက်ရှိ ဥပဒေပြုရေးကိစ္စရပ်များနှင့် နိုင်ငံတကာဆက်ဆံရေးကော်မတီ၏ လုပ်ငန်းများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတကာဆက်ဆံရေးကော်မတီ အတွင်းရေးမှူး ဦးကိုကိုထွန်း၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင် ဒေါ်အေးအေးမူနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၅ ခုနှစ် သြဂုတ် လ ၂၀ ရက်
