ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာ ၊ ကျေးလက်လူမှုဘဝမြှင့်တင်ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီသို့ အလှူငွေများ လာရောက် ပေးအပ်လှူဒါန်း

ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာ၊ ကျေးလက်လူမှုဘဝမြှင့်တင်ရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီသို့ ယနေ့နံနက် ၉ နာရီ ၃၀ မိနစ် အချိန်တွင်  နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ရေးရာဆောင် အဆောင်အမှတ် (၆) သို့ “ဝ” အထူးဒေသ (၂) မှ လှူဒါန်းငွေ  ကျပ်သိန်း (၆၀၀) ကို ဗဟိုကော်မတီဝင် ဦးအောင်မြင့်နှင့် မိုင်းလားအထူးဒေသ (၄) မှ လှူဒါန်းငွေ ကျပ်သိန်း (၆၀၀)ကို ရန်ကုန်ရုံးတာဝန်ခံ ဦးကျော်ကျော်အောင်တို့က မြန်မာနိုင်ငံရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးနစ်မြုပ်ပြီး ရေဘေးသင့် ပြည်သူများအား ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အသီးသီးပေးအပ်လှူဒါန်းခဲ့ကြရာ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်မှ အလှူငွေများကို လက်ခံပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

          ၂၀၁၅ ခုနှစ် သြဂုတ်လ ၁၁ ရက်

Standard (Image)