ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း သည် ဘန်ကောက်မြို့ အခြေစိုက် မြန်မာနိုင်ငံ ဆိုင်ရာ ကျူးဘားနိုင်ငံ သံအမတ်ကြီး H.E.Mr. Victor Daniel Ramirez Pena အား ၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ နံနက် (၉း၀၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက် အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ နှင့်အတူ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦး နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၅ ခုနှစ် စက်တင်ဘာလ ၃ ရက်
Standard (Image)
