ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ကိုယ်စား၊ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှမြင့်ဦးသည် IDEA (ဒီမိုကရေစီနှင့် ရွေးကောက်ပွဲ ဆိုင်ရာ အကူအညီပေးရေး နိုင်ငံတကာ အဖွဲ့အစည်း)၊ အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာ မစ်ရှင်အကြီးအမှူး မစ္စတာ ဟောဟေ ဘာယာဒါးရ် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့ နံနက် (၁၀း၁၅) နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အဦ၊ အဆောင်အမှတ် (I-1) ၌ လက်ခံတွေ့ဆုံပါသည်။
ထိုသို့တွေ့ဆုံရာတွင် Internation IDEA နှင့် ကနေဒါ ပါလီမန်ရေးရာ စင်တာမှ ပြည်သူ့လွှတ်တော် ဆိုင်ရာစစ်တမ်းကောက်ယူမှု ကနဦးလေ့လာတွေ့ရှိချက်များကို လာရောက်တွေ့ဆုံ ဆွေနွေး တင်ပြခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ရုံး ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် အဖွဲ့ဝင် ဦးညီညီထွန်း၊ ဒေါ်အေးအေးမူနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
၂၀၁၅ ခုနှစ် စက်တင်ဘာလ ၄ ရက်
