ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ဥရောပသမဂ္ဂရွေးကောက်ပွဲ လေ့လာရေး အဖွဲ့ အကြီးအကဲ၊ ဥရောပပါလီမန် ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ဥရောပသမဂ္ဂ ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့ အကြီးအကဲ၊ ဥရောပပါလီမန် ဒုတိယဥက္ကဋ္ဌ Mr. Alexander Graf Lambsdorff ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၀၂း၀၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်  ဦးခင်မောင်ဦးနှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဥရောပပါလီမန် ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့်အတူ ဥရောပသမဂ္ဂ သံအမတ်ကြီး H.E.Mr. Roland Kobia လည်း တက်ရောက်ခဲ့သည်။

ထိုသို့ တွေ့ဆုံစဉ် လာမည့်နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ ပွင့်လင်းမြင်သာပြီး တရားမျှတမှုရှိရေးနှင့် စပ်လျဉ်း၍ ရင်းနှီးခင်မင်စွာ ဆွေးနွေးခဲ့ကြသည်။

၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂၀ ရက်

Standard (Image)