ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ကိုယ်စား၊ ပြည်သူ့လွှတ်တော် နိုင်ငံတကာဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးသည် အင်ဒိုနီးရှား အထက်လွှတ်တော်၊ နိုင်ငံခြားရေးရာ ကော်မတီဥက္ကဋ္ဌ Mr. Iqbal Parewan gi ဦးဆောင်သော လွှတ်တော်ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်နေ့ နံနက် (၀၉း၃၀) နာရီအချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-1) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာလွှတ်တော်များ၏ ဆောင်ရွက်ချက်များ၊ လွှတ်တော်ရေးရာ ကိစ္စရပ်များနှင့် ပညာရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော် ကော်မတီအတွင်းရေးမှူးများဖြစ်ကြသော ဦးမောင်တိုး၊ ဒေါက်တာစိုးရင်၊ ဦးတင်မောင်ဦး၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ အဖွဲ့ဝင်များဖြစ်ကြသော ဦးခင်မောင်ရွှေ၊ ဦးစိုင်းကျောက်၊ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာ ဆန်းစစ်သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသော ဦးညီညီထွန်း၊ ဦးခင်မောင်စိုး၊ ဒေါ်အေးအေးမူနှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်
