ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း ကိုရီးယားသမ္မတနိုင်ငံ အမျိုးသားလွှတ်တော်၊ အမျိုးသားကာကွယ်ရေးကော်မတီ အဖွဲ့ဝင် ရေတပ်ဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ကိုရီးယားသမ္မတနိုင်ငံ အမျိုးသား လွှတ်တော်၊ အမျိုးသားကာကွယ်ရေးကော်မတီ အဖွဲ့ဝင် ရေတပ်ဗိုလ်ချုပ်ကြီး (ငြိမ်း)   Hon.Mr.KIM Sung Chan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့ နေ့လည် ၁၂ နာရီ တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ဇမ္ဗူသီရိဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းသုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များ၊ ပြည်ထောင်စုလွှတ်တော်ရုံးနှင့် ပြည်သူ့လွှတ်တော်ရုံးတို့မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဧည့်သည်တော် အဖွဲ့နှင့်အတူ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Lee Baek-soon လည်း တက်ရောက်ခဲ့သည်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်

Standard (Image)