ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ် သည် The International Bar Association’s Human Right Institute (IBAHRI) မှ ဥပဒေပညာရှင်များဖြစ်ကြသော Ms.Shirley Pouget နှင့်အဖွဲ့အား ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက် ညနေ (၁၆း၀၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော် ရေးရာဆောင်အမှတ်( I-2) အစည်းအဝေးဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။
တွေ့ဆုံစဉ် The International Bar Association’s Human Right Institute (IBAHRI) အဖွဲ့မှ The Independent Lawyer’s Association of Myanmar (ILAM) မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်း ဖွဲ့စည်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အထောက် အကူပြုသော လုပ်ငန်းများ၊ လွှတ်တော်မှ လိုအပ်သော ဥပဒေပြဋ္ဌာန်းနိုင်ရေး တို့ကို အပြန်အလှန် ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးတီခွန်မြတ် နှင့်အတူ အတွင်းရေးမှူး ဦးစောလှထွန်း၊ ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးဘရှိန်၊ ဦးသောင်း၊ ဦးအောင်မြသန်း၊ ဦးခင်မောင်ညို၊ ဦးစတီဖန်နှင့်ဒေါက်တာစိုးမိုးအောင် တို့တက်ရောက် ခဲ့ကြသည်။
၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်
