ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏မူလအခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးစောသည် Plan International Myanmar နှင့် NGO Child Rights Working Group (NCRWG) အဖွဲ့တို့အား ယနေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-5) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာများ၊ အကြမ်းဖက်မှုအမျိုးမျိုးမှ အကာအကွယ်ပေးရေးကိစ္စရပ်များနှင့် ကလေးသူငယ်များ၏ အခန်းကဏ္ဍ ပိုမိုကျယ်ပြန့်လာ စေရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတင်ပြခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌနှင့်အတူ ကော်မတီအတွင်းရေးမှူး ဦးဝင်းမြင့်အောင်နှင့် ကော်မတီအဖွဲ့ဝင်များ စုံညီစွာ တက်ရောက်ခဲ့ကြသည်။
၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်
Standard (Image)
