ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် သီရိလင်္ကာနိုင်ငံသမ္မတဟောင်း၊ကမ္ဘာ့ခေါင်းဆောင် များမဟာမိတ်အဖွဲ့ Madrid ၏ တင်းပြည့်အဖွဲ့ဝင် H.E.Mrs. Chandrika Kumaratunga ဦးဆောင် သည့် Madrid အဖွဲ့နှင့် IDEA ကိုယ်စားလှယ်အဖွဲ့တို့အား ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် (၀၉း၀၀) နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့ လွှတ်တော် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
ထို့သို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦး၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင် ဦးကိုကိုနိုင်၊ ပြည်ထောင်စုလွှတ်တော်ရုံးနှင့် ပြည်သူ့လွှတ်တော်ရုံး တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်
Standard (Image)
