ပြည်သူ့လွှတ်တော် အမျိုးသားစီမံကိန်း၊ ပြည်ထာင်စု၏ ဘဏ္ဍာငွေအရအသုံးနှင့်အခွန် အကောက်ဆိုင်ရာစိစစ်ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးသာ The World Bank မှ Henrike Brecht ဦးဆောင်သည့်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်သူ့လွှတ်တော် အမျိုးသားစီမံကိန်း၊ ပြည်ထာင်စု၏ ဘဏ္ဍာငွေအရအသုံးနှင့် အခွန်အကောက် ဆိုင်ရာ စိစစ်ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌဦးစိုးသာသည် The World Bank မှ Henrike Brecht ဦးဆောင်သည့် အဖွဲ့အား ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့ (၁၅း၀၀)နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ်(၁) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့လွှတ်တော် အမျိုးသားစီမံကိန်း၊ ပြည်ထာင်စု၏ ဘဏ္ဍာငွေအရအသုံးနှင့်     အခွန်အကောက်ဆိုင်ရာ စိစစ်ညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဦးအေးမောက်၊ အဖွဲ့ဝင်များ ဖြစ်ကြသော ဦးကြည်ပြုံး၊ ဦခွန်သိန်းဖေ၊ ဦးကျန်ထွန်း၊ ဒေါ်ခင်မွှေးလွင်၊ ဒေါ်ဖြူဖြူသင်းနှင့် စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွဲ့ဖြိုးတိုးတက်မှုပူးပေါင်း ကော်မတီ အဖွဲ့ဝင် ဦးသန်းဦးတို့ တက်ရောက် ခဲ့ကြသည်။

တွေ့ဆုံစဉ် ကမ္ဘာ့ဘဏ်မှ ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသေးသော ပြည်နယ်များ အတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားနိုင်ရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် စပ်လျဉ်းသည့် စိုက်ပျိုးရေး၊ မွေးမြူရေး ကိစ္စများတွင် ဆက်လက်ကူညီဆောင်ရွက်သွားနိုင်ရေးအတွက် ဝိုင်းဝန်းအကြံပြု ရှင်းလင်းဆွေးနွေး ခဲ့ကြသည်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၄ ရက်

Standard (Image)