ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အဖွဲ့ဝင် ၁၀၅ ဦးသည် ၂၀၁၅ ခုနှစ် ဒီဇင် ဘာလ ၃ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၌ ကျင်းပသည့်ပထမ အကြိမ်ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ ကျင်းပနေ မှုနှင့် လွှတ်တော်အဆောက်အအုံများကို လေ့လာကြည့်ရှုခဲ့သည်။
ပထမအကြိမ် ပြည်သူ့လွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေး စတင်ကျင်းပသည့် ၁၆-၁၁-၂၀၁၅ ရက်နေ့မှ ယနေ့ ၁၁ ရက်နေ့မြောက်အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ၁၀၅ ဦး၊ ကျောင်းသား/ ကျောင်းသူ ၃၃ ဦး၊ အခြားပါတီ/ အဖွဲ့အစည်း၊ ပြည်သူလူထု ၂၉၄ ဦး၊ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ တစ်ဆင့်လာရောက်လေ့လာသူ ၁၉ ဦး စုစုပေါင်း ၄၄၆ ဦးတို့သည် အစည်းအဝေးကျင်းပနေမှုနှင့် လွှတ်တော်အဆောက်အအုံအတွင်း လေ့လာကြည့်ရှုခဲ့ ကြကြောင်းနှင့် ယနေ့ထိ လွှတ်တော်သို့ လာရောက်လေ့လာသူစုစုပေါင်းမှာ ၅၁၄၁၁ ဦး ဖြစ်ကြောင်း သိရှိရသည်။
၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃ ရက်
