ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းသည် NGO Child Rights Working Group အဖွဲ့အား ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-2) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံရာတွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ တင်ပြဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီအတွင်းရေးမှူး ဦးကျော်စိုးလင်းနှင့်အတူ ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ကြသည်။
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်
Standard (Image)
