ပြည်သူ့လွှတ်တော်၊ ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန် သည် မန္တလေးတိုင်းဒေသကြီးနှင့် ခန္တီး - ဖားကန့်ရှိ ကျောက်စိမ်းကျောက်မျက် လုပ်ငန်းရှင်များ အဖွဲ့အား ယနေ့ နံနက် ၈ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင် အမှတ် (I-2) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးခဲ့ကြသည်။
အဆိုပါဆွေနွေးပွဲသို့ ကော်မတီဥက္ကဋ္ဌ ဦးထွန်းအောင်(ခ) ဦးထွန်းထွန်းဟိန်နှင့်အတူ အတွင်းရေးမှူး ဦးကျော်စိုးလင်းနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်
Standard (Image)
