ပြည်သူ့လွှတ်တော်၊ ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းသိန်းဇော် သည် Daw San Myint Family Trading Co.,Ltd နှင့် HCSP Co.,Ltd အဖွဲ့အား ယနေ့ ညနေ ၄ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-8) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် Daw San Myint Family Trading Co.,Ltd နှင့် HCSP Co.,Ltd မှ အစိုဓာတ် စိုထိုင်းဆ စုပ်ယူမှုနင့် ပတ်သက်၍ Export ထုတ်ကုန်များဖြစ်သော ဆေးဝါးများ၊ စားသောက်ကုန်များ၊ ဆန်၊ ပဲ၊ ပြောင်း၊ နှမ်း ၊ လျှပ်စစ်အသုံးအဆောင်ပစ္စည်းများ၊ ဂီတတူရိယာနှင့် ပြခန်းသုံးပစ္စည်းများ၊ အိမ်သုံးပစ္စည်းများနှင့် စစ်လက်နက်များ ထုတ်လုပ်ဖြန့်ဖြူးခြင်း လုပ်ငန်းများ၏ နည်းပညာရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားမည့် အကြောင်းအရာဆိုင်ရာ ကိစ္စရပ်များကို တင်ပြဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီ ဥက္ကဋ္ဌ နှင့်အတူ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်
