ပြည်သူ့လွှတ်တော်၊ ဘဏ်များနှင့်ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်စန်းလှိုင် သည် Anhui Provincial State-owned Assets supervision and Administration commission and the Provincial Enterprises မှ DONG YA QING ဦးဆောင်သော အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီ်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာဆောင်အမှတ် (I-7) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် တရုတ်-မြန်မာ နှစ်နိုင်ငံပူးပေါင်း၍ မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားမည့် အစီအစဉ်များနှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီဥက္ကဋ္ဌ နှင့်အတူ ကော်မတီအတွင်းရေးမှူး ဦးတင်ထွန်းနိုင် နှင့် ကော်မတီအဖွဲ့ဝင် ဒေါ်ချိုချို တို့ တက်ရောက်ခဲ့ကြသည်။
၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်
